Public Announcement ¡ Mandalay Business Capital City Development Ltd.
MANDALAY BUSINESS CAPITAL CITY DEVELOPMENT LTD. No.105(A), Parami Road, Hlaing Township, Yangon
No.(17/10), Corner of Myasandar St & 27th St, Pyigyimyetmhan Qtr, Chanayetharsan Tsp, Mandalay 📞 09-969988890, 09-969988897
📅 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၄ )ရက် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှ ပြောင်းရွှေ့ခြင်းမရှိကြောင်း …

၁။ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရွာများပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ ရွာရှိ အဆောက်အဦများကို ဖြိုဖျက်လျက်ရှိကြောင်းအစရှိသည့် ခေါင်းစဉ်များဖြင့် ကောလဟာလသတင်းများကို စီမံကိန်းဝန်းကျင်ရှိ ရွာများတွင် နေထိုင်သူများ စိတ်ပူပန်စေရန် လူမှုကွန်ရက်များတွင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိနေရပါသည်။

၂။ အဆိုပါကောလဟာလသတင်းများကြောင့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် ထိစပ်ဧရိယာရှိ ရွာများတွင် နေထိုင်သူများအတွက် စိတ်ပူပန်မှုများဖြစ်ပေါ်စေရေးအတွက် ကျွန်တော်များ အမရပူရမြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းမှ ဤကြေငြာချက်ကိုထုတ်ပြန်ပေးခြင်းဖြစ်ပါသည်။

၃။ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် လွန်ခဲ့သော (၁၀)နှစ်တာကာလ (၂၀၁၆ခုနှစ်) ကပင် စတင် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပါသည်။ စီမံကိန်းဧရိယာအတွင်း ရှမ်းကလေးကျွန်းရွာ တစ်ရွာသာပါဝင်ပြီး အခြားမည်သည့်ရွာမှပါဝင်ခြင်းမရှိကြောင်းနှင့် ရှမ်းကလေးကျွန်းရွာသည် စီမံကိန်းဧရိယာတွင် ပါဝင် သော်လည်း ရွှေ့ပြောင်းရခြင်းမရှိသည့်အပြင် ရှမ်းကလေးကျွန်းရွာ ဝန်းကျင်တွင် ရွာပတ်လမ်းမကြီးများ၊ လျှပ်စစ်မီးတိုင်များ၊ သစ်ပင်ပန်းပင်များ၊ ကျောင်းများ၊ ဆေးပေးခန်းများ၊ မီးသတ်စခန်းများ အစရှိသော လူအများနေထိုင်ရာတွင် လိုအပ်သည့် အများနှင် သက်ဆိုင်သော အဆောက်အဦများကို ကုမ္ပဏီ ကုန်ကျ စရိတ်ဖြင့် ဆောက်လုပ်ပြီးရွာနှင့် ရွာဝန်းကျင်ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ တွင် ရှမ်းကလေးကျွန်းရွာသည် ယခင်ကာလထက်များစွာပို၍ ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်လာသည်ကို လက်တွေ့မြင်တွေ့နိုင်ပါသည်။

၄။ စီမံကိန်းဧရိယာတွင်ပါဝင်သောမည်သည့်မြေနေရာကိုမျှကုမ္ပဏီကအခမဲ့သိမ်းယူဆောင်ရွက်ခြင်း မရှိကြောင်း၊ ကုမ္ပဏီအနေနှင့် စီမံကိန်းဧရိယာတွင်ပါဝင်သောမြေနေရာများကို သက်ဆိုင်သူများထံမှ ကာလ ပေါက်ဈေးများဖြင့်ညှိနှိုင်းဝယ်ယူခြင်း၊ရောင်းချလိုခြင်းမရှိသောမြေနေရာများကိုစီမံကိန်းစာချုပ်ပါအတိုင်း မြို့မြေကွက်များဖြင့် ပြန်လည်လဲလှယ်ပေးခြင်းနည်းလမ်းများဖြင့်သာ ဆောင်ရွက်ခဲ့ပါသည်။

၅။ စီမံကိန်းဧရိယာတွင်ပါဝင်သောမြေနေရာများ နှင့် သက်ဆိုင်သူများအနေနှင့် မိမိနှင့် သက်ဆိုင်သော မြေနေရာများ အတွက်တန်ဖိုးငွေရယူခြင်း (သို့မဟုတ်) မြို့မြေကွက်များဖြင့် လာရောက်လဲလှယ်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ရန် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အထောက်အကူပြုကော်မတီမှ ပထမအကြိမ်အသိပေးကြေညာချက်အား (၁၅.၉.၂၀၂၃)ရက်နေ့၊ ဒုတိယအကြိမ် အသိပေးကြေညာချက်အား (၁၈.၁.၂၀၂၄)ရက်နေ့၊ တတိယအကြိမ် အသိပေး ကြေညာချက်အား (၁၃.၁၁.၂၀၂၄)ရက်နေ့၊ စတုတ္ထအကြိမ် အသိပေးကြေညာချက်အား (၁၆.၃.၂၀၂၅) ၊ (၁၈.၃.၂၀၂၅) နှင့် (၂၀.၃.၂၀၂၅)ရက်နေ့များ၊ ပဉ္စမအကြိမ် အသိပေးကြေညာချက်အား (၇.၄.၂၀၂၆) ၊ (၈.၄.၂၀၂၆) နှင့် (၉.၄.၂၀၂၆) ရက်နေ့များတွင် သတင်းစာ များတွင် ထည့်သွင်း၍ လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ကြော်ငြာဘုတ်များ စိုက်ထူ အသိပေးခြင်းဖြင့် လည်းကောင်း အများသိစေရန် ပွင့်လင်းမြင်သာစွာ ကြေညာပေးခဲ့ပါသည်။

၆။ အဆိုပါကြေညာချက်များ အကြိမ်ကြိမ်ဆောင်ရွက်ပြီးသည့်တိုင်အောင် လာရောက် ဆက်သွယ်ခြင်း မရှိသေးသောသူများအနေနှင့် အဆိုပါမြေနေရာများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အထောက် အထားများပြည့်စုံစွာဖြင့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အထောက်အကူပြုကော်မတီသို့ သော်လည်း ကောင်း၊ ကျွန်တော်များကုမ္ပဏီသို့သော် လည်းကောင်း လာရောက်ဆက်သွယ်ပါက သတ်မှတ်မြို့မြေကွက် (သို့မဟုတ်) သတ်မှတ်တန်ဖိုးငွေများ ပြန်လည်ထုတ်ယူရရှိရေး အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ထား ရှိပါသည်။

၇။ စီမံကိန်းဧရိယာအတွင်းမြေနေရာအချို့ကို လူပုဂ္ဂိုလ်အဖွဲ့အချို့မှ တရားမဝင် အကွက်ရိုက် ရောင်းချ ခြင်းကြောင့် ဖြစ်ပေါ်နေသောအခက်အခဲများနှင့် စပ်လျဉ်း၍လည်း အများသိစေရန် ဆက်လက်ရှင်းလင်း တင်ပြအပ်ပါသည်။

၇.၁။ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းသာမက မန္တလေးတိုင်းဒေသကြီး နေရာအနှံ့ အပြားတွင် လယ်ယာမြေများကို အကွက်ရိုက်ရောင်းချခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်မှာ လူအများသိရှိသောကိစ္စရပ် ဖြစ်ပါသည်။

၇.၂။ ယခုအခါတွင် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေ အချို့ကို တရားမဝင်အကွက်ရိုက်ရောင်းချသူများထံမှဝယ်ယူထားသည့်ပြည်သူများနစ်နာသည်ဟုဆိုသူ များလည်း ပါဝင်လျက်ရှိလာပါသည်။

၇.၃။ ထို့အပြင် အဆိုပါတရားမဝင်သည့် အကွက်ရိုက်မြေကွက်ဝယ်ယူခဲ့သူများဟု ဆိုသည့် သူများအနက် မိမိဝယ်ယူထားသောမြေကွက်ကို မည်သည့်ထံမှ ဝယ်ယူခဲ့သည်ကိုပင် ရှင်းလင်းအောင် ပြောပြနိုင်သည့်သူအချို့လည်း ပါဝင်လာလျက်ရှိသည်ကို တွေ့ရှိနေရသည်။ အမှန်တကယ် ဝယ်ယူခဲ့ခြင်းမရှိဘဲ ဝယ်ယူခဲ့သည်ဆိုသည့်သူများကြောင့် အမှန်တကယ် ဝယ်ယူမိသူများ သည်လည်း အစစ်အမှန်မဟုတ်/မဟုတ် ခွဲခြားရခက်ခဲမှုများ ဖြစ်ပေါ် နေပါသည်။

၇.၄။ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်း အဆိုပါ လယ်ယာ အကွက်ရိုက်မြေများကို ဝယ်ယူထားသူအစစ်အမှန်ဖြစ်ပါက၊ မည်သူ့ထံမှ မည်သည့်နေ့တွင် မည်သည့်စာချုပ်ဖြင့် ဝယ်ယူ ထားကြောင်းအဆိုပါငွေများကို မည်သို့ ပေးချေထားကြောင်း အထောက်အထားများ စုံလင်စွာပြစု၍ အဆိုပါ အကွက်ရိုက်ရောင်းချသူ/အဖွဲ့ထံမှ ငွေပြန်လည်တောင်းခံ ရယူရေးဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၇.၅။ သို့ဖြစ်ပါ၍ တရားမဝင်လယ်ယာမြေအကွက်ရိုက်ရောင်းချသူများထံမှ ဝယ်ယူခဲ့သူများ အနေဖြင့် မိမိဝယ်ယူခဲ့သောစာရွက်စာတမ်းများကိုပြုစုထားပြီး အကွက်ရိုက် ရောင်းချသူများထံမှ ငွေပြန်လည်တောင်းခံနိုင်ရေးအတွက် ကျွန်တော်များကုမ္ပဏီအနေဖြင့် ရှေ့နေအဖွဲ့ငှားရမ်းသည့် ကုန်ကျစရိတ်များကိုကျခံ၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

၈။ စီမံကိန်းဧရိယာအတွင်းရှိ တရားမဝင်အကွက်ရိုက်ရောင်းချထားသော မြေကွက်များအပေါ် ဆောက်လုပ်ထားသော အဆောက်အဦများနှင့်စပ်လျဉ်း၍ အများသိစေရန် ဆက်လက် ရှင်းလင်းတင်ပြခြင်း။

၈.၁။ စီမံကိန်းဧရိယာ အတွင်းရှိ တရားမဝင်အကွက်ရိုက်ထားသော မြေကွက်များကို အမှန် တကယ်ဝယ်ယူပြီး အမှန်တကယ်အဆောက်အဦအချို့ ဆောက်လုပ်ထားသူများ ဖြစ်ပါက ကျွန်တော်များကုမ္ပဏီနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိသော်လည်း ကျွန်တော်များ ကုမ္ပဏီမှ လူမှုရေး ကူညီမှုအဖြစ် အဆိုပါ အဆောက်အဦတန်ဖိုးငွေအချို့ကို ပြန်လည်ပေးအပ်မည် ဖြစ်ပါ သည်။

၈.၂။ တရားမဝင်မြေအကွက်ရိုက်ထားသူကိုယ်တိုင် ဖြစ်သလိုအမြန်ဆောက်လုပ်ထားသော အန္တရာယ်ရှိ အဆောက်အဦများ ဖြစ်ပါက ကျွန်တော်များကုမ္ပဏီမှ အဆောက်အဦ တန်ဖိုးငွေများကို ပြန်လည်ပေးအပ်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

၉။ သို့ဖြစ်ပါ၍ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် မည်သည့်ရွာမျှပြောင်းရွှေ့ခြင်း မရှိကြောင်း နှင့် စီမံကိန်းဧရိယာအတွင်းရှိတရားမဝင် အကွက်ရိုက်ရောင်းချထားသူများထံမှ အမှန်တကယ် ဝယ်ယူမိ သူများဖြစ်ပါက ဆုံးရှုံးမှုများသက်သာစေရေးအတွက် ကုမ္ပဏီအနေဖြင့် တတ်နိုင်သမျှအကောင်းဆုံး ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အများသိရှိစေရန် လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း
MANDALAY BUSINESS CAPITAL CITY DEVELOPMENT LTD.